Saturday, August 11, 2012
ပညာပြည့်ဝ နှလုံးလှသော်
ကိစ္ခ္ခ္စကြီးငယ် ဆောက်သဖွယ်လျှင်
ကျဉ်းကျယ်ထွင်းဖောက် ဖြတ်တောက်လိုရာ
ပြီးနိုင်စွာ၏။
ပညာဒီပ အသင်းရည်ရွယ်ချက်နှင့်ဆောင်ရွက်မှုများ
   အောင်လံမြို့နယ်အတွင်းရှိ ကျောင်းသားလူငယ်လူရွယ်ကလေးများ၏ အားလပ်ချိန်ကို အကျိုးရှိစွာ အသုံးချနိုင်ရန်နှင့် လူငယ်လူရွယ်တို့၏ အကျင့်သီလနှင့်ပညာကို ပူးတွဲမြှင့်တင်နိုင်ရေးအတွက်   အောင်လံမြို့နယ်လူမှု့ဖွံ့ဖြိုးရေးစိတ်တူကိုယ်တူများနှင့်ဖွဲ့စည်းထား
သည့် အသင်းကြီး ဖြစ်ပါသည်။ ကျွန်တော်တို့ အသင်းကြီး၏ ရည်ရွယ်ချက်များမှာ (က) လူငယ်လူရွယ်များ၏ အားလပ်ချိန်ကို အကျိုးရှိစွာ အသုံးချနိုင်ရန် (ခ) မြတ်စွာဘုရားရှင်၏ တရားတော်နှင့်အညီ ကိုယ်ကျင့်သီလဖြူစင်ကြံ့ခိုင်သော ကိုယ်၊နှုတ်၊နှလုံး သုံးပါးလုံး ယဉ်ကျေးသိမ်မွေ့သော နိုင်ငံ့သားကောင်း ၊ သမီးကောင်း ရတနာများ ဖြစ်ထွန်းပေါ်ပေါက်လာစေရန် (ဂ) ဖွံ့ဖြိုးတိုးတက်လာသော ခေတ်နှင့်အညီ ရင်ဘောင်တန်းနိုင်ရေးနှင့် အင်္ဂလိပ်စာနှင့် ကွန်ပျူတာနည်းပညာကို လွယ်ကူစွာ လေ့လာသင်ယူတတ်မြောက်စေရန် တို့ဖြစ်ပါသည်။ပညာဒီပအသင်းမှကြီးမှူးဖွင့်လှစ်ခဲ့ပြီးသောသင် တန်းများမှာ (၁)နွေရာသီယဉ်ကျေးမှုသင်တန်း၁/၂၀၁၂ (၂)နွေရာသီယဉ်ကျေးမှုသင်တန်း ၂/၂၀၁၂ နှင့်ယခုလက်ရှိ ၃/၂၀၁၂သင်တန်း အားဖွင့်လှစ်သင်ကြားပေးလျက်ရှိပါသည်။
တက်ရောက်သူများသည် အခြေခံဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်းကို မပျက်မကွက်တက်ရောက်ရမည်ဖြစ်ပါသည်။ သင်တန်းများကို ယခုနှစ် ၂၀၁၂ - ခုနှစ်မတ်လ(၂)ရက်နေ့မှစတင်ဖွင့်လှစ်သင်ကြားပေးခဲ့ပြီး သင်တန်းသားဦးရေ (၆၉၄)ဦး ထိ လက်ခံသင်ကြားပေးပြီးဖြစ်ပါသည်။